၁၁-၂-၂၀၂၀ ရက်နေ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်၊ပခုက္ကူကုန်စည်ဒိုင်၊ ရေစကြိုကုန်စည်တို၏နေ့စဉ်ပေါက်စျေးနှုန်းနှင့်တစ်ပါတ်အတွင်းနှိုင်းယှဉ်ချက်၊
မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင် ( ၄-၂-၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ)(၁၀၀၀၀/-)၊ ဂွနက်ရိုးရိုး(၃၀၀၀၀/-)၊နှမ်းဖြူ(၂၀၀၀/-)၊နှမ်းဖြူ(ရေသွင်း)(၃၀၀၀/-)(၅၀၀၀/-)၊ နှမ်းနီ (၁၂၀၀၀/-) ၊ နှမ်းညိုကြား (၁၂၀၀၀/-) ကျပ် စျေးကျကာ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၅၀၀ မှ ၈၀၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာယခင် (၄-၂-၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ကုလားပဲ (929) ( ၁၈၀၀/- ) ၊ ကုလားပဲ (HL) ( ၁၀၀၀/-) ၊ ပဲစဉ်းငုံ (သစ်) (၁၂၀၀/-) ၊ ပဲစဉ်းငုံ (ဟောင်း) (၅၀၀/-) ၊ မတ်ပဲ (၁၅၀၀/-) ၊ စားတော်ပဲ(၅၀၀/-)ကျပ် စျေးကျကာ ကျန်ပဲမျိုးစုံစျေးများ အပြောင်းအလဲမရှိဘဲ အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့်် ယခင် ( ၄-၂-၂၀၂၀ ) ရက်စျေးနှုန်း ထက် မြေပဲလုံးဆံနီ(လိုင်း) (၃၀၀/) ၊ မြေပဲလုံးဆံဖြူ(လိုင်း)(၇၅/-)ကျပ် စျေးကျကာ မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး)၊ မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။
ဆီ
ဆီအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ ( ၄.၂.၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ (၁၀၀/)ကျပ် စျေးကျကာ မြေပဲဆီ၊နှမ်းဆီစျေးအပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါ သည်။
ဆန်
မကွေးကုန်စည်ဒိုင်စျေးအရ ဆန်အနေဖြင့် (၄.၂.၂၀၂၀)ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်(အဟောင်း) ၊ပေါ်ဆန်းမွှေးဖျာပုံ ပေါ်ဆန်မွှေးရွှေဘို စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါ သည်။
ပခုက္ကူကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်
ပခုက္ကူကုန်စည်ဒိုင် တွင် ယခင် ( ၄-၂-၂၀၂၀ ) ရက် စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲဆီသန့်(၃၀၀/-) ၊ စမုံနက်ပုံမှန်(၃၀၀၀/-)၊ ပဲစဉ်းငုံ 2020 (၇၀၀/-)၊ ကုလားပဲ(929)(၁၃၀၀/-) ကျပ် စျေး ကျပြီး ၊ ကျန်ပဲမျိုးစုံ နှင့်နှမ်းစျေးများ အပြောင်းအလဲမရှိဘဲ နှမ်း မျိုးစုံ (၅၀) အိတ်၊ ပဲမျိုးစုံ(၂၀၀)အိတ် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
ရေစကြိုကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်
ရေစကြိုကုန်စည်ဒိုင်တွင် ယခင် (၄-၂-၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါကစားအုန်းဆီ (၁၀/-)ကျပ်စျေးတက်ပြီး မြေပဲလုံးဆံ(နီ) (၁၀၀/-) ၊ မတ်ပဲ(၃၀၀၀/-)၊ ကုလားပဲ(HL)(၁၅၀၀/-)၊ ကုလားပဲ(929) (၁၅၀၀/-) ၊ ကုလားပဲ(V2) (၁၅၀၀/-)၊ ပဲပုတ် (၁၅၀၀/-) ၊ ပြောင်းဖူးစေ့( CP ) (၂၀၀/-)ကျပ် စျေးကျပြီး ကျန်ပဲမျိုးစုံ နှင့်နှမ်းစျေး များအပြောင်း အလဲမရှိဘဲ ပြောင်းဖူးစေ့( CP ) (၇၀၀)အိတ် အရောင်း အဝယ် ဖြစ် လျက်ရှိပါသည်။